ခြေလက်တို့ရဲ့ အလှတရား
30-Oct-2016
ခြေလက်တို့ရဲ့ အလှတရားကလည်း အရမ်းအရေးပါတာပေါ့။ ခြေထောက်တွေ လက်တွေရဲ့ အလှတရားက ဘာဖြစ်မလဲ? ခြေထောက်တွေ လက်လေးတွေက မာကြောကြမ်းတမ်းနေတာတွေ၊ အသားမာတွေမရှိဘဲ နူးညံ့ချောမွေ့နေတာပဲပေါ့။ ခြေချောင်း လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ဆိုရင် အရမ်းလှတယ်ဆိုပေးမယ့် လုပ်ယူလို့မှမရတာနော်။ အဲဒီတော့ ရတဲ့နည်းလေးတွေနဲ့ ခြေထောက်တွေ လက်တွေရဲ့ အလှတရားကို ပုံဖော်ကြည့်ရအောင်။
Hands
လက်တွေက အလုပ်ပေါင်းစုံလုပ်ရတယ်၊ ပစ္စည်းတွေအများကြီးနဲ့ ထိတွေ့ရတယ်။ အဲဒီတော့ အထူးသဖြင့် ခြောက်သွေ့တဲ့ အသားအရေရှိတဲ့သူတွေ၊ ရေကိုင်များတဲ့သူ ဆပ်ပြာတွေနဲ့ ထိတွေ့မှုများတဲ့သူတွေမှာ လက်ဖဝါးတွေ ကြမ်းတမ်းခြောက်သွေ့ နေတတ်တယ်လေ။ စိတ်ညစ်ရတာပေါ့နော့။ အဲဒီတော့ လက်လေးနူးညံ့ အိစက်နေအောင် လုပ်ရမယ့်နည်းလေးတွေကို ပြောပြပေးမယ်နော်။
- ရေကိုင်ရင်၊ ပန်ကန်ဆေး အဝတ်လျှော်ရင် ရာဘာလက်အိတ်စွပ်ထားပါ။
- နေ့ဘက်တွေမှာ Hand Cream ( သို့ ) Body Lotion ( သို့ ) သံလွင်ဆီ ( သို့ ) Vit E လိမ်းပေးပါ။ ရေစိုလို့ ပျက်သွားရင် ပြန်လိမ်းပါ။
- လက်ဆေးဆပ်ပြာမှာ Moisturiser ပါတဲ့ဆပ်ပြာတွေကို သုံးပေးပါ။ ဆပ်ပြာရည်၊ ဂျယ်လ်တွေက ပိုကောင်းပါတယ်။
- ညဘက်မှာလည်း လိမ်းအိပ်ဖို့ မမေ့နဲ့နော်။
- တစ်ပတ်ကို တစ်ကြိမ်လောက် ညဘက်မှာ လက်ကိုပေါင်းတင်ပေးရင် လက်လေးတွေမှာ အရမ်းကို နူးညံ့စိုပြေသွားမယ့်အပြင် ချောမွေ့စေတယ်လေ။ ပေါင်းမတင်ခင်မှာလက် အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးရမယ်နော်။ Body Scrub သုံးရင်လည်း ရပါတယ်။ သဘာဝနည်းကို သုံးချင်ရင်တော့ သံလွင်ဆီနဲ့သကြားကို ရောလိုက်ပါ။ တကယ်လို့ အရမ်းခြောက်သွေ့တဲ့အသားအရေပိုင်ရှင် ( သို့ ) ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တော့ အဲဒီအရောကို လက်ခုံပေါ်မှာ နဲနဲလေးပွတ်ပြီး စမ်းကြည့်ပါ။ အဆင်ပြေတယ်ဆိုရင် သုံးလို့ရပါတယ်။ တကယ်လို့လက်မှာ ထိခိုက်ရှာနာတွေရှိနေရင်တော့ မလုပ်နဲ့ဦးနော်။ တကယ်လို့ အားလုံးအိုကေတယ်ဆိုရင် ခုနက အရောလေးနဲ့ လက်တွေပေါ်မှာ သေချာပွတ်တိုက်ပေးပါ။ လက်ချောင်းလေးတွေကို ရောနော်။ ၁၀ မိနစ်နေရင် ရေဆေးချလိုက်ပါ။ ပြီးတော့ လက်တစ်ခုလုံးကို သံလွင်ဆီလိမ်းပြီး လက်အိတ်စွပ်ပြီး အိပ်လိုက်ပါ။ နိုးလာတဲ့အခါဆပ်ပြာအပျော့စားလေးနဲ့ ရေနွေးလေးနဲ့ ဆေးလိုက်တဲ့အခါ လက်လေးတွေက နူးညံအိပ်စက်နေလို့ အရမ်းကို သဘောကျသွားမှာနော်။
- တကယ်လို့ လက်တွေက အရမ်းကြမ်းနေတယ်ဆိုရင် သကြားနဲ့သံပုရာရည် စားပွဲတင် ဇွန်းတစ်ဇွန်းစာစီကို ရောပြီး လက်တွေကိုပွတ်ပေးပါ။ ပြီးတော့ ၁၅ မိနစ်လောက်နေရင်ရေဆေးချပြီး သံလွင်ဆီလိမ်းပေးပါ။
အပေါ်က နည်းတွေကို ခြေထောက်တွေအတွက်လည်းသုံးနိုင်တယ်နော်။
Feet
- ခြေထောက်တွေက ကြမ်းတမ်းပြီး ဖနောင့်ကွဲနေတဲ့သူတွေ၊ အသားမာရှိတဲ့သူတွေ ရေချိူးတိုင်း ဂျီးတွန်းကျောက်တုန်းလေးနဲ့ ခြေထောက်တွေကို သေချာတိုက်ပေးပါ။ အထူးသဖြင့် ခြေမျက်စိ၊ ခြေဖနောင့်နဲ့အသားမာနေရာတွေကိုပါ၊ ရေချိူးပြီးရင် သေချာခြောက်အောင်သုတ်ပြီး Body Lotion လိမ်းပေးနော်။
- ဖနောင့်ကွဲနေတဲ့သူတွေ ( သို့ ) ခြေထောက်တွေကို ပိုပြီးနူးညံ့ချောမွေ့စေချင်ရင် ခြေထောက်တွေကို မိနစ်၂၀ လောက်ညအိပ်ယာမဝင်ခင်မှာ ရေနွေးထဲမှာ ခြေထောက်တွေကို မိနစ် ၂၀ လောက် စိမ်ပြီး နှိပ်နယ်ပေးပါ။ ပြီးတော့ Petrdeum Jelly ကိုလိမ်းပြီး ခြေအိတ်ဝတ်ပြီးအိပ်လိုက်ပါ။ မနက်အိပ်ယာနိုးတဲ့အခါ ခြေထောက်ကို သေချာဆေးလိုက်ရုံပါပဲ။
- ဖနောင့်ကွဲတဲ့သူတွေက ညတိုင်းအိပ်ယာမဝင်ခင် ခြေထောက်ကို ဆေးကြောပြီး Petroleum Jelly လိမ်း ခြေအိတ်စွတ်ပြီး အိပ်ရင် သိသိသာသာသက်သာသွားမှာပါ။ ဖနောင့်ကွဲမရှိဘဲ ရိုးရိုးခြေထောက်ကို နူးည့ံချောမွေ့စေလိုသူတွေကတော့ Petroleum Jelly အစား Vit E , သံလွင်ဆီ , Body Lotion တို့ကိုသုံးနိုင်ပါတယ်။
အပေါ်ကနည်းတွေအတိုင်း နေ့တိုင်းလုပ်ပေး ဂရုစိုက်ပေးရမှာနော်။ အော်.. အပြင်သွားရင်လည်း လက်တွေ ၊ ခြေထောက်တွေကို Suncream တွေကိုလိမ်းပေးဖို့ မမေ့ပါနဲ့။ နူးညံ့ချောမွေ့လှပတဲ့ ခြေလက်တို့ရဲ့ အလှတရားနဲ့ အလှပိုနိုင်ကြပါစေရှင်။
Healthcare.com.mm
Ref:
ရင်နှင်းငယ်
Credits: Myanmar Health & Beauty
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
